မြန်မာနိုင်ငံရှိ Facebook အသုံးပြုသူများအတွက် ပိုမို ဘေးကင်းလုံခြုံသော လူမှုအသိုင်းအဝိုင်းတစ်ခု တည်ဆောက်ခြင်း

မြန်မာနိုင်ငံက Facebook အသုံးပြုသူတွေအတွက် ပိုပြီး ဘေးကင်းလုံခြုံတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခု တည်ဆောက်နိုင်ဖို့ လှုပ်ရှားမှုပေါင်းများစွာ၊ အစီအစဉ်ပေါင်းများစွာနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

Myanmar

Meta Myanmar Facebook စာမျက်နှာ

၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှာ ဒစ်ဂျစ်တယ် သိနားလည်မှု တိုးတက်လာစေရေး၊ Facebook ရဲ့ လူမှုစံနှုန်းတွေအကြောင်း ပိုပြီးသိရှိလာအောင် မြှင့်တင်ပေးနိုင်ရေး၊ မြန်မာနိုင်ငံက အသုံးပြုသူတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ပလက်ဖောင်း အသုံးပြုမှု အတွေ့အကြုံ ပိုကောင်းလာစေမယ့် နည်းပညာထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေ မိတ်ဆက်ပေးနိုင်ရေးအတွက် ရည်ရွယ်ပြီး အကြောင်းအရာတွေ မျှဝေနိုင်အောင် Meta Myanmar Facebook စာမျက်နှာကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။

လူမှုအသိုင်းအဝိုင်းအတွက် လက်စွဲစာအုပ်

မြန်မာဘာသာနဲ့ ဖော်ပြထားတဲ့ လူမှုအသိုင်းအဝိုင်းအတွက် လက်စွဲစာအုပ်ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ ဒီစာအုပ်မှာ Facebook ၊ Messenger ၊ Instagram နဲ့ WhatsApp စတဲ့ Meta ပလက်ဖောင်းတွေရဲ့ လူမှုစံနှုန်းအကြောင်း သတင်းအချက်အလက်တွေကို မျှဝေထားတဲ့အပြင် ဒီလူမှုစံနှုန်းတွေဟာ လူတွေကို သူတို့ဘယ်သူဆိုတာ လွတ်လပ်စွာ ထုတ်ဖော်ပြသနိုင်မယ့် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်အောင် ရေးဆွဲထားတယ်ဆိုတာ ပေါ်လွင်အောင် ပြသထားပါတယ်။

မြန်မာပြည်တွင်း ဈေးကွက်အတွက် အထူး ဖန်တီး၊ ရေးသားထားတဲ့ လက်စွဲစာအုပ်မှာ လူမှုစံနှုန်းနဲ့ ဘေးကင်းလုံခြုံရေးနှင့် ကိုယ်ရေးလုံခြုံမှု ဆိုပြီး အဓိကအပိုင်း (၂) ပိုင်း ပါရှိပါတယ်။ ဒါတွေက Meta မှာ ဘယ်လိုမျှဝေတဲ့ ပုံစံမျိုးကို ခွင့်ပြုထားတယ်၊ ဘယ်လိုအကြောင်းအရာမျိုးဆိုရင် ကျွန်ုပ်တို့ကို တိုင်ကြားနိုင်ပြီး ဖယ်ရှားပေးတယ်၊ ကျွန်ုပ်တို့ရဲ့ ဘေးကင်းလုံခြုံရေး ကိရိယာတွေကို အသုံးပြုပြီး ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်နိုင်တယ်ဆိုတာ စာဖတ်သူတွေ နားလည်သဘောပေါက်အောင် ကူညီပေးပါတယ်။

Myanmar
Myanmar

မမျှဝေခင်ရပ်

မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး Facebook ရဲ့ လူမှုစံနှုန်း ချိုးဖောက်မှုတွေအကြောင်း အသုံးပြုသူတွေ သတိပြုလာစေဖို့နဲ့ မချိုးဖောက်မိအောင် အသိပညာပေးနိုင်ဖို့ "မမျှဝေခင်ရပ်" လို့ အမည်ရတဲ့ ပညာပေးကာတွန်း ဇာတ်လမ်းတွဲတစ်ခုကို ဖန်တီးခဲ့ပါတယ်။ ဒီကာတွန်းဇာတ်လမ်းတွဲမှာ ဘေးကင်းလုံခြုံသော ပလက်ဖောင်း အသုံးပြုမှုကို မြှင့်တင်နိုင်ဖို့ အသုံးပြုသူတွေအနေနဲ့ ဆောင်ရွက်နိုင်တဲ့ အဆင့်တွေ အပါအဝင် Facebook အသုံးပြုရာမှာ လိုက်နာသင့်တဲ့ အလေ့အထကောင်းတွေကို အသားပေး ဖော်ပြထားပါတယ်။